သန်လျင်မြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် ဇူလိုင်

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ လူငယ်များ ဘက်စုံထူးချွန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်အသိပညာဗဟုသုတ ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ သီဟဒီပ အားကစားခန်းမ၌ကျင်းပခဲ့သည်။

ဩရှေးဦးစွာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ -အဖွဲ့ဝင်(၂)ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က လူငယ်နှင့်စာပေ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးလင်းလင်းထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောကြသည်၊ထို့နောက် တိုက်ကွမ်ဒိုအားကစား သင်တန်းသူ သင်တန်းသားများက သရုပ်ပြတင်ဆက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-အဖွဲ့ဝင်(၂)ဦးဆန်းဝင်းက ဂုဏ်ပြုဆုငွေနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးက အားကစားပစ္စည်းများကို တာဝန်ရှိသူများသို့ပေးအပ်ကြသည်။

ခမ်းအနားသို့ သန်လျင်ခရိုင်အားကစားမှူးနှင့်တာဝန်ရှိသူများ၊လူငယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)