ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSMEs ကဏ္ဍအတွက် ထုတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရွှေတောင် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSMEs ကဏ္ဍအတွက် ထုတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသတွင်းရှိ  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးခဲ့မှုအခြေအနေ အသေးစိတ်နှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် (SOP) တို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းရှင် (၈)  ဦးထံသို့ ချေးငွေ စုစုပေါင်း  (၁၉၅၀၀၀၀၀၀ိ/-) ကျပ်ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ၊ MSMEs ချေးငွေထုတ်ချေးပေးသည့် အသေးစား၊ အလတ်စားလုပ်ငန်းရှင် (၈) ဦးနှင့် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)