ညောင်တုန်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုတွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် နေအိမ်အနီးရှိ ကုက္ကိုပင်အကိုင်း ကျိုးကျပိမိ၍ အလျား (၂၀) ပေ၊ အနံ (၃၀) ရှိ ဓနိမိုး၊ ထရံကာ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး သစ်ကိုင်းကျိုးကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်ဆက်)