ရွှေစည်းခုံစေတီတော်ကြီး၏ ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရံစေတီ(၄)ဆူနှင့် အထက်ပစ္စယံရှိ ရွှေမိုက်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသည့် လေလံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီးအားလုံး တော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်လျှက်ရှိရာ ကျန်ရှိနေသော ရွှေစည်းခုံစေတီတော်၏ ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊အရံစေတီ(၄)ဆူနှင့်အထက်ပစ္စယံရှိ ရွှေမိုက်များအား ဈေးပြိုင်လေလံစနစ်ဖြင့် လေလံပွဲရောင်းချခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေစည်းခုံစေတီတော် အင်္ဂါထောင့်မဏ္ဍပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းများ နည်းစနစ်မှန်ကန်မှုရှိပြီး အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး‌ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဌာနဆိုင်ရာများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ နည်းစနစ်မှန်ကန်မှုရှိပြီး အရည်‌အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် အညတြစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရေးနှင့် အသိပညာဗဟုသုတများ ပြည့်စုံစေရေးအတွက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက သစ်တိုကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Clubအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် အညတြစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့ မူလွန်(ကော့စံနိုင်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ မူလွန်ကော့စံနိုင်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to