လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စုအား ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

လဲချား ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီမှစ၍ ဆက်သွယ်ရေးခက်ခဲသော ဝမ်​စဲ့ကျေးရွာအုပ်စုအား လဲချားမြို့နယ်ရှိ သီရိဟံသာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 အဆိုပါ ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ကျေးရွာနေဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၊  ကျေးရွာအုပ်စုများမှ ဒေသခံမိဘပြည်သူများနှင့်မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ် ညနေ၄နာရီခွဲအထိ သတ်မှတ်ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊Biometric Data များကို Database  တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)