မော်လမြိုင်ကျွန်းမြို့နယ်၌  Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှုလက်တွေ့ကွင်းသရုပ်ပြသ

မော်လမြိုင်ကျွန်း ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် သစ်တိုဆိပ်ကျေးရွာ ကွင်းအမှတ် (၁၁၈၁/ ၁၆၄၀)၊ ဦးပိုင်အမှတ် (၂၂/၈) ရှိ တောင်သူ ဦးမင်းမင်းသိန်း၏ လယ်မြေတွင် ဇူလိုင်လ ၂ ရက်နေ့က မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ဆက်လက်၍ မျိုးစေ့ချကိရိယာဖြင့် ဝိုင်အက်စ်အာ-၁ (YSR - 1) စပါးမျိုးကိုစိုက်ပျိုးသည်။ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲခင်း လျော့နည်းပပျောက်ရေး၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှုကိုစောစီးစွာရရှိစေခြင်းအပြင် စနစ်တကျအတန်းလိုက်စနစ်ဖြစ်သဖြင့် လေဝင်လေထွက်ကောင်းပြီး စပါးအထွက်တိုးကြောင်းလည်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးချစ်နှင့် တောင်သူလယ်သမားများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)