ကန်ကြီးထောင့် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်ဝမ်းက ကော်ဖီစိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကော်ဖီပျိုးပင်များအား အသီးသီးပေးအပ်ခဲ့ကြရာ ဒေသခံတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဦးဆောင် သောအဖွဲ့သည် ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ၊ ဦးပိုင်အမှတ်-N/၃၊ ကွင်းအမှတ်-၃၉၊ တောင်သူဦးကိုစိုး၏ လယ်ဧက(၂)ဧကတွင် တစ်ဧကလျှင် (၄၃၅) ပင်နှုန်းဖြင့် ကော်ဖီပျိုးပင်စုစုပေါင်း (၈၇၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။ ကန်ကြီးထောင့်မြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီပျိုးပင် စိုက်ပျိုးရန်လျာထားဧက (၁၀၇) ဧကရှိပြီး (၇၅) ဧကစိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ရာ လျာထားဧကပြည့်မီရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)