မြောင်းမြမြို့၌ (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ကိုဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအား ပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ် အတိုးနှင့် အသင်းသား ထောက်ပံခြင်းအခမ်းအနားကျင်းပ

မြောင်းမြ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ကို ဂုဏ်ပြုသောအားဖြင့် မြမျိုးသန့်မျိုးစေ့ထုတ် သမဝါယမအသင်းအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာညွှန့်က အဖွင့်အမှာစကား ပြောကြားခြင်းပြီးနောက် ကျေးရွာ (၈) ရွာရှိ အသင်းသား (၃၃) ဦးအား မျိုးသန့် မိုးစပါးစိုက်ဧက (၁၆၉) ဧကအတွက် တစ်ဧကလျှင် (၃) သိန်းနှုန်းဖြင့် ငွေကျပ် (၅၀၇) သိန်းကိုထုတ်ပေးခြင်း၊ စုဆောင်းငွေပေါ် အတိုး (၁၅၀၃၀၀၀) ကျပ်ပေးပြီး အသင်းသားထောက်ပံ (၁၆၉၉၀၀၀) ကျပ်ထောက်ပံ့‌ပေးအပ်ခဲ့​သည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အသင်းသားများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဝေဝေမြင့်(မြောင်းမြ)