ရွှေသောင်ယံ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၀) နာရီအချိန်က အသက်(၂)လမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလိုအပ်သော ကျန်းမာရေးများ စစ်ဆေးခြင်းကာကွယ်ဆေးများ ထိုးပေးခြင်းတို့ပြုလုပ်ဆောင်ရွက်ပေးရာ ရွှေသောင်ယံမြို့ ရပ်ကွက် (၁၊ ၂၊ ၃) မှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ လာရောက်၍ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)