ဇေယျာသီရိမြို့နယ်ရှိ ကျွဲ၊ နွားများအား ခွါနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများအခမဲ့ထိုးနှံ

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

မိုင်းဆတ်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းတည့် (၁၂)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ဒေသဝမ်းစာ ဖူလုံစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ဒေသဝမ်းစာဖူလုံစေရန် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအတွက် မျိုးစပါး၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါး စိုက် အကျိုးဆောင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများကို ယမန်နေ့ မွန်းလွှဲပိုင်းက ‌ညောင်ဘီးကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျိုက်ထိုမြို့လူထုအ‌ခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နှင့်စွမ်းရည်ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့တို့ပူးပေါင်း၍ ဇူလိုင် (၃) ရက် နံနက် ၁၀ နာရီက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် ရွှေရတုစာဖတ်ဝိုင်းအထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာပေဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လစဉ်စာဖတ်ဝိုင်းများကျင်းပခဲ့ရာ အကြိမ် (၅၀) ပြည့်မြောက်သည့် ရွှေရတုအထိမ်းအမှတ်အဖြစ် စာပေဆုချီးမြှင့်ပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို  လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်း၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကျင်းပခဲ့သည်။

နမ့်စန်တွင် တောင်သူများကို မျိုးစေ့၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေမှ မျိုးစေ့၊မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများအား တောင်သူများထံ ဆက်လက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to