ကျိုက်ထိုမြို့လူထုအ‌ခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နှင့်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကျိုက်ထို ဇူလိုင် ၃

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့တို့ပူးပေါင်း၍ ဇူလိုင် (၃) ရက် နံနက် ၁၀ နာရီက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေး ကအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း‌ကိုဟောပြောဆွေးနွေးပြီး မြို့နယ်ဦးစီးအရာရှိ‌ ဒေါ်သန်းသန်းမော်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်သည့်ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ကာ ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

‌ကျိုက်ထို (ပြန်/ဆက်)