သရက်ချောင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကျရောက်လာရပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။