ဇေယျာသီရိ ဇူလိုင် ၃
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးအား ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန်အတွက် ထိုးနှံပေးခြင်းဖြစ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်နှင့် ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ယနေ့တွင် ကျောက်ချက်ကျေးရွာအုပ်စုနှင့် သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကျေးရွာများရှိ ကျွဲ၊ နွားများအား ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းကျန်ရှိသည့် ကျေးရွာအုပ်စုများသို့ ဇူလိုင်လ ၄ ရက်နေ့မှ ၁၃ ရက်အထိ မြို့နယ်အတွင်း ကျေးရွာအုပ်စုများသို့ သွားရောက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)