ဖျာပုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ဦးဆောင်မှုဖြင့် နိုင်ငံတော်၏အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်ဘောလုံးသမားများ ဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုလောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်း ကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ အမှတ်(၁) ရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ပုလောမြို့ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ မူလွန်(၄)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က သဒ္ဓမ္မရောင်ရှိန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ်၊ တတ်‌မောက်ကျေးရွာအုပ်စုနှင့် ပန်ဆန်း‌ကျေးရွာအုပ်စုတို့အား ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစ၍ ဆက်သွယ်ရေးခက်ခဲသော တတ်မောက်ကျေးရွာအုပ်စုနှင့် ပန်ဆန်း‌ကျေးရွာအုပ်စုတို့အား လဲချားမြို့နယ်ရှိ သီရိဟံသာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် ဌာနဆိုင်ရာများနှင့် ကျောင်းသားများ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ၂၀၂၄-ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို၊ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ယနေ့ နံနက်(၉)နာရီက၊ ပြည်တော်သာရပ်ကွက်ရှိ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)ရှိ ပုပ္ပားသုံးထပ်ဆောင်ရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့၌ ပန်းအလှဆင်နည်းသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပန်းအလှဆင်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ချောင်းဦးမြို့နယ်၌ တောင်သူနည်းပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုးစပါးနှင့်မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအားဖိတ်ကြား၍ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲနှင့် မြေဆီလွှာအာဟာရဖြည့်တင်းခြင်း စူပါဘိုကာရှီပြုလုပ်နည်းကို ယမန်‌နေ့နံနက်(၁၀)နာရီက ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to