မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ကျပန်းနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက အသိပညာ​ပေး ဟောပြောပွဲ၊ ကျပန်းနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (Women Club) စာပေချစ်မြတ်နိုးသူများမှ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကလောင်စုံရေးသားသည့် “မြန်မာအမျိုးသမီးကြေးမုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းခရိုင်၌ (၈/၂၀၂၄) ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၄) ကို ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်အတွင်း အမျိုးသမီးများ ဘက်စုံကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အားကစားကဏ္ဍ အစရှိသည့်ကဏ္ဍများဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားမှသိရသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်း

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်သီတာဇင်၊ ဥက္ကဋ္ဌဒေါ်နုနုဆွေ၊ အတွင်းရေးမှူးဒေါ်ဖြူဖြူမြင့်နှင့် အဖွဲ့ဝင်များမှဦးစီး၍ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ပန်းတနော်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနည်းကွင်း သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဆုတောင်းပြည့်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)၊ (၁၀)၊ (၁၃၈) ရပ်ကွက်တို့၌ ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်ပညာရေးမှူးရုံးတွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

(၁ဝ၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမရပူရမြို့နယ် ရှေ့ဆောင်ငွေစုငွေချေး သမဝါယမအသင်းသားများအား ဆန်များထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သမဝါယမဦးစီးဌာနက လာမည့်ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမရပူရမြို့နယ်ရှိ ရှေ့ဆောင်ငွေစုငွေချေး သမဝါယမအသင်းသားများအား ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်သမဝါယမရုံး၌ ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Subscribe to