အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်း၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ရေနံချောင်း ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝင်းစန္ဒာက ဆုံးသြဝါဒစကားပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲတွင် ပထမဆုရ MP အသင်း၊ ဒုတိယဆုရ Civil အသင်းနှင့် ကျောင်းတွင်အားကစားပြိုင်ပွဲတွင် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများမှ ဆုရအားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့‌‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)