ညောင်တုန်း ဇူလိုင် ၃
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နမ့်မြင့်မြင့်ဖြိုးတို့က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့အကြောင်း၊ မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားသော အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)