ဆိပ်ဖြူ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဧရာဝတီမြစ်နှင့် ယောချောင်းဘေးနေထိုင်သူများ၊ ရေလမ်းချောင်းဖြင့် ခရီးသွားပြည်သူများအား ရေကြီးရေလျှံခြင်းကြောင်း ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် မြေပြို့ခြင်းအန္တရာယ် အစရှိသော ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းများ ဆောင်ရွက်ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)