ငါးသိုင်းချောင်းမြို့တွင် ရေလမ်းဖြင့်သွားလာနေသော ခရီးသွားပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းသရုပ်ပြဆောင်ရွက်

ငါးသိုင်းချောင်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက် ကမ်းနားဆိပ်တွင် ရေလမ်းဖြင့်သွားလာနေသော ခရီးသည်ပြည်သူများနှင့် ကျောင်းသားကျောင်းသူများကို ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူညီပေးနိုင်စေရန်အတွက် ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်ကစတင်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ငါးသိုင်းချောင်းမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီး၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်ခဲ့သည်။ ထို့နောက်မြို့ နယ်မြေမီးသတ်လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်မှ ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသက်ကယ်ဝတ်စုံများကိုဝတ်ဆင်ပုံနှင့် ရေဘေးအန္တရာယ်ဖြစ်ပေါ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရန် ရှင်းလင်းပြောကြားကာ တခြားသူများကိုလည်း ကူညီပေးနိုင်​‌စေရန်အတွက် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသောရေ​ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်မည့် ရပ်ရွာနေရာများကိုလည်း ဆက်လက်၍ လိုက်လံသတိပေးပြောကြားကာ ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)