အင်္ဂပူ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ.ထ.က (အင်္ဂပူ) ငုရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းကဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်္ဂပူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရည်က ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားရခြင်းအကြောင်နှင့် ရောဂါလက္ခဏာများ၊ အရေးပေါ်ကာကွယ်ကုသနည်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရည်နှင့်ဝန်ထမ်းများ၊ ခေတ္တမြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)