ဝါးခယ်မမြို့နယ်တွင် စင်းသုခ၊ မှော်ဘီ(၃) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအားကွင်းဆင်းကြည့်ရှု

ဝါးခယ်မ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က စင်းသုခ၊ မှော်ဘီ (၃) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၊ ကြာဖြူကွင်းအမှတ်(၁၀၀၀/က)၊ ဦးပိုင်အမှတ်(၁၇/က)ရှိ တောင်သူဦးဝင်းဗိုလ်၏ လယ်မြေ (၈) ဧကတွင် စင်းသုခ၊ မှော်ဘီ (၃) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့်အဖွဲ့များမှ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းပျိုးပင်တို့၏ သက်တမ်းမှာ ၁၈ ရက်သားဖြစ်ပြီး ရှရှားဆေးအမျိုးအစားသုံးစွဲးထားသော ပျိုးပင်များဖြစ်ကြောင်း ပင်ကြားတန်းကြား ၈ လက်မပတ်လည်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)