ကန်ကြီးထောင့်မြို့နယ်၊ အောင်သိဒ္ဓိဆန်စက် (၂) ၌ သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေး

ကန်ကြီးထောင့် ဇူလှိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အောင်သိဒ္ဓိဆန်စက် (၂) တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ် နှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 ထိုသို့ရောင်းချရာတွင် အောင်သိဒ္ဓိဆန်စက်(၂)ရှိ တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်၊ မိချောင်း တစ်ရာကျေးရွာအုပ်စု၊ ကျူတန်းကျေးရွာအုပ်စု၊ လဟာဂလူကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက် အမှတ် (၅)၊ (၆)၊(၇)ရပ်ကွက်ရှိ ပြည်သူများအား ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန်တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း ဆန်အိတ် (၅၀၀) အိတ်အား ရောင်းချပေးခဲ့ကြသည်။

အဆိုပါ ရောင်းချနေမှုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်များနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရပါသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)