လပွတ္တာ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ ယနေ့နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်၊ အခွန် တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရေး အခွန်အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲခေါင်ထွန်းမှ အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၊ အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲခေါင်ထွန်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မူမူ