ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

ကြံခင်း  ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကြံခင်းဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်း၊ အစားအစာများကို စနစ်တကျရောင်းချစေခြင်း၊ ခြင်ယင်များမနားစေရန်နှင့် လတ်ဆတ်သောအစားအစာများကိုသာ စနစ်တကျရောင်းချကာ လက်အိတ်၊ နှာခေါင်းစည်းများကို တပ်ဆင်ပြီးမှရောင်းချရန် လိုက်လံစစ်ဆေး ဟောပြောခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ဈေးဆိုင်များအား တစ်ခါသုံးလက်အိတ်များ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)