နတ်မောက်မြို့၌ သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေဖူလုံစေရန် သွားရောက်လှူဒါန်း

   နတ်မောက် ဇူလိုင် ၉                                                                                       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်းသိရသဖြင့် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက  နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအသင်းက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သောက်သုံးရေဖူလုံစေရေး သွားရောက်လှူဒါန်းပေးရာတွင် နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းက ရေသယ်ယာဉ်များဖြင့်သွားရောက်ကာ လျှော်တော်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလံ(၂၈၀၀)ဆံ့ ကမ္ဘောဇအနာဂတ်အလင်းတန်းရေသည်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သော  သောက်သုံးရေများအား အိမ်ထောင်စုအလိုက် စနစ်တကျခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ကျေးလက်နေဒေသခံပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရခြင်းဖြစ်ပြီး စေတနာရှင်အလှူရှင်များဖြင့်ချိတ်ဆက်၍ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများသို့လည်း သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း နတ်မောက်ကွန်ရက်ပရဟိတလူမှုကူညီရေး အသင်းဝင်တစ်ဦးထံက သိရသည်။

လှဝင်း