မိုင်းရှူး ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ယင်းသို့စာအုပ်/ စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ် စာအုပ်အသစ်များ သွားရောက်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)