တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဆိုင်ရာဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဥက္ကံမြို့) မြဝတီခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းစိုးနိုင်က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းဆိုင်ရာနည်းစနစ်များနှင့် အကျိုးကျေးဇူးများအား အကျယ်တဝင့်ဆွေးနွေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ကျောင်းဝန်းအတွင်း ခရေ၊ ကံ့ကော်၊ ကျွန်း၊‌ ပျဉ်းကတိုးနှင့် မ‌ဟော်ဂနီ စုစုပေါင်းပျိုးပင် ၂၅၀ ပင်အား တက်ရောက်လာသူများက စိုက်ပျိုးခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှု‌ရေးအသင်းအဖွဲ့များ စုစုပေါင်း ၃၂၅ ဦး တက်ရောက်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)