ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာ(၅၄)ဌာနနှင့် အဆင့်မြင့်တက္ကသိုလ်(၄)ခုမှ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

ကျောက်ဆည် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ခရိုင်ဆင့်ဌာနဆိုင်ရာ(၅၄)ဌာနနှင့် အဆင့်မြင့်တက္ကသိုလ်(၄)ခုမှ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချပေးခဲ့သော စားအုန်းဆီများကို Resources Co, Ltd ကုမ္ပဏီမှ ရည်ညွှန်းဈေး တစ်ပိဿာ ငွေ(၅၃၈၅)ကျပ်ဖြင့် ဝယ်ယူပြီး နေလသုခ၊ အမေထွား၊ နဒီဧရာ၊ အေးချမ်းသူ၊ အာကာကျော်၊ ကြံတိုင်းအောင်၊ သိင်္ဂီဌေး၊ ဝင်းရတနာစားသုံးဆီ လက်လီ၊လက်ကားအရောင်းဆိုင်များမှ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရောင်းချရာတွင် ဆီပေပါ(၁၃)ပေပါ၊ (ပိဿာချိန် ၁၄၃၀ ပိဿာ)ကို ဝန်ထမ်း(၁၃၇၁)ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ရောင်းချပေးခဲ့သည့်အပြင် ဆက်လက်၍ မြို့နယ်အဆင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများနှင့် အေးမြကြည်လင်းဈေး၊ မြို့မဈေးများမှ ဈေးသူ/ဈေးသားများသို့လည်း ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီးများ စဉ်ဆက်မပြတ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)