မဟာအောင်မြေမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာအလွတ်‌ရေးပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၉

မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာအလွတ်‌ရေးပြိုင်ပွဲများအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်နှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး အလယ်တန်းအဆင့်၊ အထက်အဆင့် ကျောင်းသား/သူများကို စာစီစာကုံးနှင့်ကဗျာအလွတ်‌ရေးပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ပေးခဲ့ရာ ဆုရကျောင်းသား/သူများအား (၁/၂၀၂၄) တစ်နှစ်တာစုံညီပွဲတော်မှသာ ဆုရကတ်ပြားများအား ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း