ရေကြည် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာမူလွန်ကျောင်း( ကျားချောင်)တွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲ၌ ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဝင်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနည်းပြ နည်းစနစ်မှူး ဦးဝေယံထွန်းက အားကစားနှင့်ကျန်းမာရေး၊ စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က အာဟာရနှင့်အစားအသောက်ဆိုင်ရာခေါင်းစဥ်ဖြင့် အသိပညာများကို အသီးသီးဟောပြောခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် (EIM)ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်ပြုလုပ်ကျင်းပရာ အဆိုပါအခမ်းအနားသို့ကျောင်းသား/သူ စုစုပေါင်း( ၁၅၉)ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မေသန့်ဇင်(ပြန်/ဆက်)