ပျော်ဘွယ်မြို့နယ်၊ အ.မ.က(နဘဲကွဲ)၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပျော်ဘွယ် ဇူလိုင် ၉

ပျော်ဘွယ်မြို့နယ်၊ နဘဲကွဲကျေးရွာမှ မိဘပြည်သူများနှင့် နဘဲကွဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်၊ အဖွဲ့ဝင် ဦးခင်မောင်ညွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက မန်ကျီး(၂၅၀)ပင်၊ ကုက္ကို (၅၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ စိန်ပန်း(၅၀)ပင်တို့ကို ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးပေးကြသည်။

မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက  မြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ပျိုးဥယျာဉ်တို့တွင် အခမဲ့လာရောက်ထုတ်နိုင်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)