ပျဉ်းမနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်

ပျဉ်းမနား ဇူလိုင် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate)ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဦးကျေးရပ်ကွက်အတွင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ပျဉ်းမနားမြို့နယ် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွှေချီရပ်ကွက်အတွင်းရှိ ရေလှောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သောနေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လန်းသေ(Abate)ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဖုံး၊ သွန်၊လဲ၊ စစ်ပြုလုပ်၍ ရေကိုအသုံးပြုသွားရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)