ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး မြန်အောင်မြို့မရဲစခန်းအချုပ်အား ကြည့်ရှုစစ်ဆေး

မြန်အောင် ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မြန်အောင်ခရိုင်တရားသူကြီး ဦးနေလင်းစိုးတို့နှင့်အတူ ယမန်နေ့နံနက်က  မြန်အောင်ခရိုင် မြန်အောင်မြို့မရဲစခန်းအချုပ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့်တာဝန်ရှိသူများသည် အချုပ်သား၊ အချုပ်သူများ၏ အချုပ်ခန်းအတွင်း နေရာထိုင်ခင်းအခြေအနေ၊ သောက်သုံးရေရရှိမှု၊ အဟာရသင့်တင့်မျှတမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေပါအခွင့်အရေးရရှိမှု ရှိ/မရှိတို့နှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး မြန်အောင်ခရိုင်တရားရုံးနှင့် မြန်အောင်မြို့နယ် တရားရုံးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)