မိုင်းရှူး ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲကျေးရွာအုပ်စု၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက “လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များနှင့် ကျန်းမာရေးအသိပညာပေးအကြောင်းအရာပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)