မိုင်းပျဉ်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ  (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့်(၄)ဦးနှင့် အလယ်တန်းအဆင့်(၄)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်(၈)ဦး၊ အလယ်တန်းအဆင့်(၁၄)ဦးနှင့် မူလတန်းအဆင့်(၂၁)ဦး၊ ကဗျာပြိုင်ပွဲတွင်အထက်တန်းအဆင့်(၆)ဦး၊ အလယ်တန်းအဆင့်(၈)ဦးနှင့် မူလတန်းအဆင့်(၆)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၇၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊  စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မိုင်းပျဉ်းမြို့နယ်ပညာရေးဌာနမှ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး