ကော့သောင်းမြို့ အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

ကော့သောင်း ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး‌၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်‌‌မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက  ပိတောက်ရွှေဝါရပ်ကွက် အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးလင်းလင်းထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟောပြောပွဲတွင် Grade -8 မှ မရွှေဇင်ထွန်းက မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ပုံအ‌ကြောင်းအား လည်းကောင်း၊ Grade -9(A)မှ မောင်ကောင်းခန့်စံက မျိုးချစ်မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းအား လည်းကောင်း၊ Grade - 9(B)မှ မရွှေအိမ်စည်ဖူးက မျက်ရည်သွန်းဖြိုးဇူလိုင်တစ်ဆယ့်ကိုး၏ တစ်သက်တာ မေ့မရနိုင်စရာဖြစ်ရပ်အကြောင်းအား လည်းကောင်း၊ Grade -(10)မှ မဇင်ဖြူလွင်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးသည် နိုင်ငံသားတိုင်း၏ အရေးကြီးသော အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်းစသည့်အ‌ကြောင်းအရာများကို‌ ဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲအား လူငယ်လူရွယ်များ စာပေပိုမိုဖတ်ရှု‌လေ့လာနိုင်စေရန်၊ အပြောစွမ်းရည်တိုး တက်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကျောင်းသား/သူ အချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့်  စဉ်စားဉာဏ်တိုးတက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းစာကြည့်တိုက်ကော်မတီနှင့် မြန်မာစာဘာသာရပ်အဖွဲ့တို့က ဦး‌ဆောင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)