နတ်မောက် ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးငယ်များဘဝ စွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူလေးများမှ “စည်းလုံးကြမယ်” ကဗျာဖြင့်လည်းကောင်း၊ “ဒုံးယိမ်းက” ကဗျာဖြင့်လည်းကောင်း တေးသရုပ်ဖော်ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများမှ ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ၊ မူလတန်းအဆင့် ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း