မိုင်းယန်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာအတွင်းရှိ စမ်းရေကြည်စာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် စာကြည့်တိုက်အတွင်း သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အဆောက်အဦများ ပြန်လည်မွမ်းမံရေး၊ ကျေးရွာနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာအုပ်စာစောင်များ မပျောက်ပျက်စေရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး