အထက်မင်းလှ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်(၉) နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၄-၂၀၂၅ ခုနှစ်၌ သီးနှံများ စိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးအတွက် လျာထားချက် ပြည့်မီအောင် ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ အပူဒဏ်ကာကွယ်ရေးအတွက် သစ်ပင်စိုက်ပျိုးကြရန်၊ မကြာမီကာလတွင် အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာ များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အကြောင်းအရာများကို အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)