စစ်ကိုင်း ဇူလိုင် ၁၃
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်ကိုင်းမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဓမ္မဒူတမောင်မယ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲများကို မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “အလေးအမြတ်ဂုဏ်ပြုအပ် အာဇာနည်နေ့မြတ်”၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည် နေ့နှင့်လူငယ်တို့၏တာဝန်”၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့မှသည် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့”၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “မြင့်မြတ်တည်ကြည်အာဇာနည်”၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “အာဇာနည်ဟုခေါ်သည်”၊ အထက်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် “အမျိုးသားရေးတာဝန်နှင့်အာဇာနည်စိတ်ဓာတ်” ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ယှည်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများမှာ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် (၄၁)ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၃၈)ဦး၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် (၂၁)ဦး၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင်(၁၄)ဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင်(၇)ဦး၊ အထက်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင်(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်