မိုးစဉ်ဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိ

ကော့ကရိတ် ဇူလိုင် ၂၇

ဇူလိုင်လ (၂၀) ရက်နေ့မှစတင်၍ နေ့စဉ် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ်ရေ လျှံတက်လာလျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေများစတင်ဝင် ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင်သရောမြစ်ရေချိန်မှာ (၄၆၀‌) စင်တီမီတာအထိ တက်ရောက်လျက်ရှိပြီး ၎င်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ (၅၃၀) စင်တီမီတာရှိရာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၇၀) စင်တီမီတာ ကျန်ရှိနေသေးကြောင်း သိရသည်။

ဟောင်သရောမြစ်ရေလျှံတက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် အမှတ် (၅) ရပ်ကွက်၊ လှိုင်ကွက်သစ်လမ်းများရှိ လူနေအိမ်ခြံဝန်းများအတွင်းနှင့် အ-မ-က (၁၈) မူလွန် စာသင်ကျောင်းဝန်းအတွင်းသို့  ရေများဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)