ညောင်တုန်းမြို့နယ်တွင် လေဘေးသင့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ကွင်းဆင်းထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ကျေးရွာများရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။