အုတ်ဖို ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း တောင်ကျချောင်းရေ (မြောင်ချောင်း) ပြည့်လျှံမှုကြောင့် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က သရက်ပင်ဆိပ်အုပ်စုနှင့် အုတ်ရှစ်ကုန်းကျေရွာအုပ်စုအကြား ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂/၄ နှင့် ၁၁၂/၆ အတွင်းနှင့် အရှည် ၂ ဖာလုံခန့်၊ အမြင့် ၇ လက်မခန့်နှင့် လိပ်ဥကုန်းအုပ်စုနှင့် ပန်းတင်ကျေရွာအုပ်စုကြား ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ် ၁၁၃/၂ အနီး၌ ၆ လက်မခန့် ကားလမ်းပေါ်ရေဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကျော်မှုကြောင့် မော်တော်ယာဥ်များ လမ်းကြောင်းပိတ်ဆို့မှုမရှိစေရေးနှင့် ပုံမှန်သွားလာနိုင်စေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ လမ်းရှင်းပေးခြင်း၊ လမ်းပြကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)