တောင်ကြီးတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းဆောင်ရွက်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမတွင် ကျင်းပသည်။