အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သာကေတ ဇူလိုင် ၂၇

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်၌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာ၊ လမုတောဧရိယာအတွင်း  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊  တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားကျေးရွာမှ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်အင်အား(၂၀၀)ဦးဖြင့် လမု၊ သမဲ့၊ မာလာလူးကားသစ်မျိုး စုစုပေါင်း(၃၅၁)ပင်အား စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)