ငရုတ်ကောင်းမြို့၊ ပန်းမော်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးပြီး (အ-ထ-က) ကျောင်းဆောင် သွပ်အမိုးလန် ပျက်စီး

ငရုတ်ကောင်း ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပန်းမော်ကျေးရွာအုပ်စုတွင် ယမန်နေ့နံနက် (၆) နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇) လုံးပျက်စီးဆုံးရှုံးပြီး ပန်းမော်ကျေးရွာ (အ-ထ-က) ကျောင်းဝန်းရှိ အလယ်တန်းကျောင်းဆောင် သွပ်အမိုးများ ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပန်းမော်ကျေးရွာအုပ်စု၊ ပန်းမော်ကျေးရွာတွင် နေအိမ် (၇) လုံးအမိုးလန် ပြိုကျပျက်စီးဆုံးရှုံးပြီး ခန့်မှန်းတန်ဖိုး (၃၂) သိန်းကျပ်ခန့်နှင့် ပန်းမော်ကျေးရွာ (အ-ထ-က) ကျောင်းဝန်းရှိ အလယ်တန်းကျောင်းဆောင် သွပ်အမိုး (၃၄) ချပ်ခန့် ပျက်စီးခဲ့ရာ ခန့်မှန်းတန်ဖိုး (၂၀) သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

အဆိုပါနေအိမ်များအား မြို့သဘာဝဘေးအန္တရာယ် စီမံခန့်ခန့်ခွဲမှုကော်မတီမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး (အ-ထ-က) ကျောင်းရှိအလယ်တန်းကျောင်းဆောင်မှ ကျောင်းသားကျောင်းသူများအား အထက်တန်းကျောင်းဆောင်သို့ ပြောင်းရွေ့ပြီး သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)