ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် (၃ ဒသမ ၆၁) ပေခန့်ကျဆင်း

ပခုက္ကူ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီခွဲအချိန် ဧရာဝတီမြစ်ရေ တိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် (၂၁၅၀) စင်တီမီတာ (၇၀ ဒသမ ၅၄) ပေအောက် (၃ ဒသမ ၂၆၁) ပေခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ (၂၇) ရက်နေ့နံနက် (၆) နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ (၂၀၄၀) စင်တီမီတာ (၆၆ ဒသမ ၉၃) ပေရှိပြီး ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် (၂၁၅၀) စင်တီမီတာ (၇၀.၅၄) ပေအောက် (၃၉) စင် တီမီတာ (၃ ဒသမ ၆၁) ပေ ကျဆင်းနေပြီဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ဇူလိုင်လ (၂၄) ရက် နံနက် (၆) နာရီခွဲမှ စတင်ပြီး တဖြည်းဖြည်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ မြစ်ကမ်းဘေးနေ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိ၊ သတိ ရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုနှင့် ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ဘာမီသာ(ပခုက္ကူ)