မိုးနဲ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လမ်းဦးစီးဌာန၏စီစဉ်မှုဖြင့် လမ်းဘေး(ဝဲ/ယာ) စိမ်းလန်းစိုပြည်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မိုးနဲ-မောက်မယ်လမ်းပိုင်း မိုင်တိုင်(၆/၁ မှ ၆/၇)ကြား လမ်းဘေး(ဝဲ/ယာ)နေရာ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဦးစွာစိုက်ပျိုးမည့် စိန်ပန်းနီ ၂၅ ပင်၊ စိန်ပန်းပြာ ၂၅ ပင်ကို မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးစိုင်းအောင်သင်းက မြို့နယ်လမ်းဦးစီးဌာနမှူးဦးမိုးလွင်အားပေးအပ်ခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာနဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပျိုးပင်ပေါင်း ၅၀ ပင်ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)