မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် ပျက်စီးသွားသည့်တံတား ပြန်လည်တည်ဆောက်​နေမှုအား ကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲကျိုင်းတုံမှ ဌာနခွဲတာဝန်ခံဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည့် ယမန်​နေ့နံနက်ပိုင်းက သဘာဝ​ဘေးအန္တရာယ်​ကြောင့် ပျက်စီးသွားခဲ့သည့် ရပ်ကွက်ချင်းဆက်တံတား ပြန်လည်​ဆောက်ရွက်​နေမှုအ​ခြေအ​နေများကို ​ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရာတွင်  ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့်တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်ချင်းဆက် ဆက်သွယ်ထားသည့်  Box Culvert တံတားတစ်စင်းနှင့် ကွန်ကရစ်လမ်း ​ရေတိုက်စားပျက်စီးသွားပြီး အသစ်ပြန်လည်တည်​ဆောက်နေမှုအ​ခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှအမှုဆောင်အရာရှိဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က ​လုပ်ငန်းအ​ခြေအ​နေများကို ရှင်းလင်းတင်ပြခဲ့ရာ ဌာနခွဲတာဝန်ခံဦးစိုးနိုင်ဦးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သဘာဝ​ဘေးအန္တရာယ်ခံနိုင်ရေးအတွက် ဦးစား​ပေး​ဆောင်ရွက်​ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်ချက်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အစိုးရထောက်ပံ့ငွေ Box Culvert တစ်စင်းတည်ဆောက်ခြင်းအတွက်  အလျား ၁၆​ပေ၊ အနံ ၁၂ ​ပေ၊ ထု ၆ လက်မအတွက် ခန့်မှန်းကုန်ကျငွေကျပ်(၁၇.၅)သန်းနှင့် တံတားချဉ်းကပ်လမ်းအလျား ၁၀ ​ပေ၊ အနံ ၁၄ ​ပေ၊ ထု ၆ လက်မအတွက် ခန့်မှန်းကုန်ကျငွေကျပ်(၂.၀၀)သန်း စုစုပေါင်း(၁၉.၅)သန်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)