အင်းစိန်မြို့နယ်၌ Air-con Safe Guard အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ The 97 စားသောက်ဆိုင်တွင် ယမန်နေ့မွန်းလွဲ (၃) နာရီ မိနစ် (၅၀) အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။